ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာယနေ့၊ နံနက် ၈ နာရီအချိန် (၂၉)ရပ်ကွက်တို့တွင် ဆေးဖြန်းခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ်၊ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ရပ်ကွက်များ အတွင်း ခြင်များပေါက်ဖွားရန် လွယ်ကူသော နေရာများအား အဘိတ်ဆေးခပ်ခြင်းများ၊ ဆေးဖျန်းခြင်းများ အိမ်တိုင်ရာရောက် လိုက်လံပြုလုပ်ပေးလျှက်ရှိပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတက်သော အခြေအနေများနှင့်ပတ်သက်၍ အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့ပြင်မြို့နယ်အတွင်းရှိ အခြားကျန်ရှိသော ရပ်ကွက်များတွင်လည်း ယခုလိုမျိုး ပြုလုပ် ဆောင်ရွက်သွားဦးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)