သတင်းများ

ကရသူရိမြို့တွင် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆက်လက်နှိုးဆော်ပေး
Dec 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးတိုက်တွန်းနှိုး ဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နေမှု ကွင်းဆင်းစစ်ဆေး
Dec 07,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီးဖြစ်၍ ယမန်နေ့နံနက်ပိုင်းက နှစ်ကိုင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များနှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရှိ လူစည်ကားသည့် နေရာများသို့ အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ မြို့မ​စျေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မဈေးကြီးအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဈေးသူ၊ဈေးသားများနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးနေ
Dec 07,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်ကျေးရွာများ အရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွှေကြာဗျိုက်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြန်မာ့စားသောက်ကုန်လုပ်ငန်း ပြည်ပစျေးကွက် အရည်အသွေးပိုမိုမြှင့်မားရေး ဆန်းသစ် တီထွင်သည့် အသေးစား၊အလတ်စားထုတ်ကုန်ပြိုင်ပွဲဆုပေးပွဲကျင်းပ
Dec 07,2021
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပြည်ပဈေးကွက်ထိ MSMEs လုပ်ငန်းများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ အာဆီယံ- ဟောင်ကောင်၊ China Free Trade Agreement ECOTECH Work Programme ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် စားသောက်ကုန် ထုတ်လုပ်ငန်းများ ဆန်းသစ် တီထွင်သည့် အလေ့အကျင့်ကောင်းများ မျှဝေသည့် စီမံကိန်း MSMEs ထုတ်ကုန်ပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင် မြို့၊ ငွေမိုးဟိုတယ်တွင် ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ ဒေသခံတောင်သူများအား ဓာတ်မြေသြဇာအိတ်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ
Dec 07,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စပါးစိုက်ပျိုးရာတွင် အဆင်ပြေစေရေး၊ စပါး အထွက်နှုန်းများ မကျဆင်းစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဓာတ်မြေသြဇာအိတ်များကို ဝယ်ယူသွားနိုင်ရေး တို့အတွက် ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၇)ရက်နေ့မှ စတင်၍ ဒေသခံ တောင်သူများအား ဓာတ်မြေသြဇာအိတ်များကို တစ်အိတ်လျှင် ငွေကျပ်(၃၂ဝဝဝ)နှုန်းဖြင့် ပထမ အကြိမ် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။