ကျိုက်လတ်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးငယ်များ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်၁၀နာရီက ကျိုက်လတ်မြို့နယ်အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းခန်းမ ပြုလုပ်ခဲ့ကြောင်း သိရသည်။