သတင်းများ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ် ကြည်ရေးတံတားမှတစ်ဆင့်(၄၁၃)ဦး ဆက်လက်ဝင်ရောက်
Dec 06,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ  ယနေ့ထိ ပြန်လည် ဝင်ရောက်လာသူ ၄၁၃ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။
ကြံခင်းမြို့နယ် ကျွန်းကြီးကျေးရွာအတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး 
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ကျွန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းစုရပ်တွင်ယမန်နေ့နံနက်(၉)နာရီခွဲအချိန်ကရဟန်း၊သံဃာ၊ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါသက်သာပျောက်ကင်းသူ(၅၈၉)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ (၃)ဦးရှိ
Dec 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ရောဂါ သက်သားပျောက်ကင်းသူ(၅၈၉)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ (၃)ဦး ရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 06,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီကစတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမ နှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်ရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပေး နှိုးဆော်
Dec 06,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ရပ်ကွက်များသို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီကလိုက်လံနှိုး ဆော်ခဲ့ ကြောင်းသိရသည်။
မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက်ပြည်သူ(၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ်ထိုးနှံပေး
Dec 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူ (၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရွာသစ်ကျေးရွာအတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
Dec 06,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး  ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်း အတိုးရငွေ(၅၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရာ ယခုအခါ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။
ပုလော မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ​ ရောဂါကာကွယ်​ရေးလိုက်လံ အသိပေး နှိုးဆော်
Dec 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေး အတွက် ပြည်သူများ လိုက်နာကြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက  လူစည် ကားရာ​​​နေရာများ​​ဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည်အသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။