သတင်းများ

ဒေးဒရဲမြို့၌ မြို့တွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိ
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်း သာယာလှပစေရေးအတွက် အမှိုက်နှင့်မြက်ပင်၊ ပေါင်းပင်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေဆိုး၊ ရေညစ်များအား ဖော်ထုတ်ရှင်းလင်းခြင်းကို အပတ်စဥ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Dec 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအ သင်းတို့ ပူးပေါင်း၍ စာရေးဆရာ မင်းခန့်ရွှေရေးသားသည့် "ရေဆာရေသာသောက်ပါ" မြန်မာမှုစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက် နာနိုင်ရန် အသိပေး နှိုးဆော်
Dec 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား သိရှိ လိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနိူးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ကမမောင်း မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက်ပိုင်းက ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။
စဉ့်ကိုင်အ-ထ-က၌ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် လှူဒါန်းပွဲကျင်းပ
Dec 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဆာကူရာကာရာတေးအသင်းတို့ ပူးပေါင်း၍ စဉ့်ကိုင်အခြေခံပညာ အထက်တန်းကျောင်း  သဇင်ခန်းမတွင် အားကစားနှင့်  ပတ်သက်သည့်   အသိပညာပေး   ဟောပြောပွဲ ၊ သရုပ်ပြပွဲနှင့် လှူဒါန်းပွဲယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် 
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များနှင့်မြို့မဈေးကြီးအတွင်းအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင် ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ပဥ္စမအသုတ်၊ ပထမအကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ ပြည်သူ (၂၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Dec 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ် ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်၁၈နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ(၄၀)ဦး၊ ယမန့်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် ​ပြည်သူ(၁၆၀)ဦး၊ စုစုပေါင်းပြည်သူ (၂၀၀) ဦးအား ပဥ္စမအသုတ်၊ ပထမအကြီမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်
Dec 06,2021
ယနေ့ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၅၅)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၄၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂)ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍