သတင်းများ

အောင်လံမြို့နယ်၌ မြို့မဈေးကြီးနှင့် မြနန္ဒာဈေးတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ် တိုက်လေ့ကျင့်
Dec 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ စည်ပင်သာယာမြို့မဈေးကြီးနှင့် တစ်ဆက်တည်း မြနန္ဒာဈေး မီးဘေးလုံခြုံရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ့(၄) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာအမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူး၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့် များ ဆောင်ရွက်ခဲ့သည်။
ကျောက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပရေး လမ်းဘေးဝဲယာရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်း
Dec 06,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အပြင် လမ်းဘေးဝဲယာရှိ သစ်ပင်မြင့်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Dec 06,2021
ယခုအခါပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံစွဲရာတွင် ပေါ့ဆမှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းက ဈေးများနှင့် ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မြစ်ကြီးနားမြို့ တိုက်ပွဲရှောင်စခန်း (IDP Camp) တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေး
Dec 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက်အသင်းတော် ( IDP Camp ) တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ဒီဇင်ဘာ (၄)ရက် နံနက် ၉ နာရီက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဇေယျာသီရိဈေးရှိဈေးဆိုင်ခန်းများ၌ မီးဘေးအန္တရာယ် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်ဇေယျာသီရိဈေးရှိဈေး ဆိုင်ခန်းများ၌မီးဘေး အန္တရာယ်ကာကွယ်‌ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့နှင့် တာဝန်ရှိသူများ ကယနေ့နံနက် ၉နာရီခွဲကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကော့ကရိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ
Dec 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online Page မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
Dec 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေ ချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးငယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့ စာကြည့်တိုက် Page တွင် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
သာယာဝတီမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူဆောင်ရွက်
Dec 06,2021
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက်ပိုင်းမှစပြီး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရှိ လူသွားလူလာများသော လမ်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။