ချောက်မြို့ ဗုဒ္ဓဘာသာကလျာဏာယုဝအသင်းသို့ ဗလာစာအုပ်(၁၂၀)ဒါဇင်လှူဒါန်း

ချောက် ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ ဗဟိုကွက်သစ် အခြေခံပညာ  မူလတန်း ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က  မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများအတွက် ချောက်မြို့ဗုဒ္ဓဘာသာကလျာဏာ ယုဝအသင်း၊ အသင်းအမှတ်(၂၀)သို့ အလှူရှင်မိသားစုမှ ဗလာစာအုပ်(၁၂၀)ဒါဇင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းသည့် အလှူရှင်မှာ ချောက်မြို့ အမှတ်(၄)ရပ်ကွက် လွတ်လပ်ရေးရပ်နေ ဦးမင်းအောင်+ ဒေါ်ခင်လှဆွေ မိသားစုဖြစ်ပြီး ချောက်မြို့ ဗုဒ္ဓဘာသာကလျာဏာယုဝအသင်း အား မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အခြားလိုအပ်သော ဘာသာအသင်းအဖွဲ့နှင့် ဘုန်းတော်ကြီးကျောင်းမှ သာမဏေငယ်လေးများ သုံးစွဲနိုင်ရန်အတွက် ဗလာစာအုပ်(၁၂၀)ဒါဇင်ကို ယင်းအသင်း၏ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်နှင့် အတွင်းရေးမှူး ဦးခင်မောင်သန်း တို့အား လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)