သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးတို့အတွက်ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက   မိကျောင်းကန် အပိုင်း ၁ ရပ်ကွက်၊ ဝေဇယန္တာ လမ်းတစ်လျှောက်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးနိုင်ဦး၏ စီစဉ်ကြီးကြပ်မှုဖြင့်  ပန်းဥယျာဉ်အဖွဲ့၊ ရေစီးရေလာ ကောင်းမွန်ရေးအဖွဲ့တို့ ပူးပေါင်းကာ ရေမြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းများကို အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ မြို့တွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းပြီး ရေမြောင်းအတွင်းက အမှိုက်တွေ၊ နွံတွေကို ဆယ်ယူခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်ဆက်)