ဒလ စက်တင်ဘာ ၁၀
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးပြောကြားရာတွင် ယနေ့မျိုးဆက်သစ်လူငယ်များမှာ နိုင်ငံတော်၏အနာဂတ်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တစတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်တိုင်း နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေးအထူးအလေးထားဂရုပြုရန်နှင့် စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)