ပင်လောင်းမြို့၌ ဆေးဝါးအ‌ရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

ပင်လောင်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဌာနဆိုင်များက မြို့ပေါ်ရပ်ကွက်ရှိ ဆေးဝါးအရောင်ဆိုင်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆေးဝါးအရောင်းဆိုင်များ စစ်ဆေးရာတွင် ဆေးဝါးအတုနှင့် ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဆေးဝါးများ၊ ဆေးဝါးရောင်းချခွင့်လုပ်ငန်းလိုင်စင်များ၊ ဆေးဝါးရောင်းချသည့်နေရာ အကျယ်အဝန်း၊ အလင်းရောင်လေဝင်လေထွက်ကောင်းမွန်မှုရှိ/မရှိ၊ တိရစ္ဆာန်/ပိုကောင်းများ ဝင်ရောက်မှုရှိ/မရှိ၊ သန့်ရှင်းမှုရှိ/မရှိ၊ ဆေးဝါးသိုလှောင်ထားရှိမှု၊ ဆေးဝါးအနိသင် အရည်အသွေးနှင့် ပျက်စီးမှုများ၊ ထိန်းချုပ်ဆေးဝါးများ၊ စိတ်ကိုယ်ပြောင်းလဲစေသောဆေးဝါးများ၊ ဆေးဝါးရောင်းချခွင့်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးအရောင်းဆိုင်များစစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့စု(၂၆)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဦးစီးမှူး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)