တောင်တွင်းကြီး စက်တင်ဘာ ၁၀
ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှုအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ချောက်ကြား)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ဖြစ်စဉ်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ တွေ့ကြုံနေရသည့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ရည်မှန်းချက်ထားကြိုးစားရန်၊ စာရိတ္တကောင်းသော လူငယ်များဖြစ်စေရေး ကြိုးစားနေထိုင်ရန်၊ အသိပညာဗဟုသုတများပြည့်စုံစေရေး စာပေလေ့လာဖတ်ရှု့ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများ၊ စာရေးဆရာကြီးများ၏ စာပေအဆိုအမိန့်များနံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)