မိုင်းဖြတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက (Clean and Green) လုပ်ငန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများ အထောက်အကူပြုအဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၅၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (Clean and Green)လုပ်ငန်း (၁၇)မျိုးအနက် ဝမ်မိုင်ရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဈေးတန်း(ကွက်သစ်) (၁၅)လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လွိုင်လုံမိန်းကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက သတ်မှတ် စံချိန်စံညွန်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင်အဆိုပါ (Clean and Green)လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၅၀၀၀)ဖြင့် လုပ်ငန်း(၁၇)မျိုးကို လွိုင်လုံမိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)