ပြင်ဦးလွင်မြို့၌ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 09,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ပြင်ဦးလွင်မြို့နယ်မှ ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး( ၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။ ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြ သော ကျောင်းသား ၊ ကျောင်းသူများထဲမှ (၆) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၇၈ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၂၈၅ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် ၂၅၀ နှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၃၄၆)ဦး၊ စုစုပေါင်း(၉၇၇)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရသည်။