သတင်းများ

ချမ်းအေးသာစံမြို့နယ်၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား ကျင်းပ
May 23,2026
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား” ကို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၀×၃၁ လမ်းကြား၌ မေလ ၂၂ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးရက်သတ္တပတ်” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းဆောင်ရွက်
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၂၂ ရက် နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြစ်သားမြို့အဝင်ဆိုင်း ဘုတ်အနီး၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
May 23,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၈)ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ရင်းခန်းမ၌ကျင်းပသည်။
ပန်းတောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်တွင် ဒေသခံတောင်သူများအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများထုတ်ချေး
May 23,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့‌နယ်အတွင်းရှိ ဒေသခံတောင်သူများအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြဆရာဆရာမများ၏ အင်္ဂလိပ်စာအရည်အ‌သွေးတိုးတက်မှုမြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ
May 23,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြဆရာဆရာမများ၏ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲကို မေလ ၂၂ ရက်နံနက် ၁၀ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ‌ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
May 23,2026
စစ်ကိုင်းခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဓမ္မဒူတမောင်မယ်ဆောင်)၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။