ရပ်စောက် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာပုံ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ကျောင်းသား၊ ကျောင်းသူများအား စကားပြောစွမ်းရည်မြင့်မာလာစေရန်၊ လူအများရှေ့၌ ရဲရင့်စွာပြောဆိုဆွေးနွေးတက်စေရန်၊ တစ်ဦးနှင့် တစ်ဦး တိုင်ပင်ဆွေးနွေးခြင်းအလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် Grade-12 မှ မောင်အံ့မင်းခန့်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-12 မှ မမေဖူးပြည့်ဟန်၊ မလဲ့ရည်ဖြိုး၊ မခင်သူဇာမြင့်နှင့် မောင်သော်ဇင်အောင်တို့က လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများအပြန်အလှန်မေးမြန်းခဲ့ကြပြီး လိုအပ်သည်များ မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေး၊ ဆေးလိပ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ ဆက်)