သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဖြူးမြို့တွင်း ထန်းကုန်းလမ်းမမှ (၂၃)လမ်းကိုဆက်သွယ်သွားလာနိုင်သည့် (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်း
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများ အသစ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းကုန်းလမ်းမှ (၂၃)လမ်းအထိဆက်သွယ်သွားလာအသုံးပြုနိုင်သော (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်းနေခြင်းကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် ၈ နာရီကစတင်၍ ပြည်သူ့အားကစားကွင်းနှင့် မိုးလုံ‌လေလုံ အားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းဆောင်ရွက်
Sep 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းကို ယနေ့နံနက်ပိုင်းက မအူပင်မြို့ပေါ်ရှိ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်ကြီးများမှ ရောင်းချနေသည့် ဈေးနှုန်းများအား ကွင်းဆင်း‌မေးမြန်စုံစမ်းခြင်းများ ဆောင်ရွက်သည်။
ပခုက္ကူမြို့၊ မဟာဝိဇယာရာမ(အရှေ့)တိုက်၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ စုပေါင်းဆွမ်းကပ်အလှူတော်ပွဲ ပြုလုပ်
Sep 11,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ(အရှေ့)တိုက်၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းဆွမ်းကပ်အလှူတော်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT) အာဟာရအသိပညာပေးဆင့်ပွား သင်တန်းကျင်းပ
Sep 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စက်တင်ဘာ ၉ ရက်နေ့ နံနက် (၁၀) အချိန်က စာရေးသူ ဒေါက်တာတင်ထွန်းဦး ရေးသားထားသည့် “ဖိစီးမှုကင်းသောကရှင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။