တောင်တွင်းကြီး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦးက သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာစာအုပ်ပါ အထွေထွေဗဟုသုတမေးခွန်းများကို ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)