မြန်အောင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညနေ ၄နာရီ ၃၀မိနစ်က မြန်အောင်မြို့ ကိုဗစ်လူနာများ ထားရှိကုသရန် ပြင်ဆင်ထားသည့် နေရာများနှင့် အင်ပင်မြို့ ကိုဗစ်စစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ မြန်အောင်မြို့ ကိုဗစ်လူနာများ ထားရှိကုသရန် ပြင်ဆင်ထားသည့် အောင်ဇေယျခန်းမနှင့် အောင်ဧရာ ကားဝင်းတို့တွင် ပြင်ဆင်ထားရှိမှုအခြေအနေ၊ လူနာများအသုံးပြုရန် ရေ၊ မီးရရှိမှုနှင့် လုံခြုံရေး ဆောင်ရွက် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆောင်ရွက်ရန်မှာကြား၍ မြန်အောင်မြို့နယ် အင်ပင်မြို့အဝင် ကိုဗစ် စစ်ဆေးရေးဂိတ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်