နမ္မတူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် တိုင်းရင်းသား ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်

နမ္မတူ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် တိုင်းရင်းသားပြည်သူများအား ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှစတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌  ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့အတွင်း ပထမအကြိမ် Sinopharm အမျိုးအစား ကာကွယ်ဆေး ထိုးနှံထားသည့် တိုင်းရင်းသားပြည်သူများအား ယခု ဖေဖော်ဝါရီလ (၂၃၊ ၂၄၊ ၂၅)ရက်နေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် တိုင်းရင်းသားပြည်သူများအနေဖြင့် မဖြစ်မနေ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ် ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၃၀၆ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၉၈၀ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၉၂ ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၄၇၀ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)