သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိရေး လမ်းညွှန်မှာကြား
Feb 22,2022
မွန်ပြည်နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ​ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ​​ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်း​အ​ဝေး တက်ရောက်သည်။
မိုင်းနောင်မြို့(၅ )ရက်တစ်ပတ်ပျံကျစျေး ပုံမှန်ရောင်းချလျက်ရှိ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ပုံမှန်ရောင်းချလျက်ရှိသော (၅) ရက်တစ်ပတ် ပျံကျစျေးသည် စျေးရောင်းစျေးဝယ်များဖြင့် စည်စည်ကားကား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင်စေရန် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေး
Feb 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသား၊ ကျောင်းသူကလေးများအား ဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင် စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
ကျိုင်းတောင်းမြို့၌ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့် က ကျိုင်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင်စစ်ဆေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်ဆန်း ​ဦးဆောင်သော မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ အင်္ဂပူမြို့နယ်ဒေသအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေး အရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးပွဲ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(၅၈)ဦးစံချိန်တင်တွေ့ရှိသော်လည်း သေဆုံး မှုမရှိသေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က (၂၉၉) ဦးစစ်ဆေးရာ  ပိုးတွေ့ လူနာသစ်(၅၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ယခုတွေ့ရှိမှုသည် စံချိန်တင်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြသည်။