ငပုတော ဖေဖော်ဝါရီလ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covi Shield )ဆေးများအား ယမန်နေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ ပထမအကြိမ် ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း ကိုဆေးထိုးစုရပ်ဖြစ်သည့် ကွင်းချောင်းကျေးရွာအုပ်စု၊ သာကျော်ကွင်းကျေးရွာ၊ ခရစ်ယာန်နှစ်ခြင်း ဘုရားကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကွင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များ ကြီးကြပ်၍ ကျေးလက်၊ ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှုး ဒေါ်အေးအေးမွန်နှင့်၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျေးရွာကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် ပေးလျက်ရှိသည်။
ယမန်နေ့က ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (Covi Shield) အမျိုးအစားဖြစ်ပြီး ဆေး(၁)လုံးလျှင် (၁၁)ဦးထိုးနှံပေးရပြီး ဆေး(၅၈)လုံးအား အသက်(၁၈) နှစ် နှင့်အထက် ကျေးလက်နေ ပြည်သူ စုစုပေါင်းလူဦးရေ (၆၃၈) ဦးအား ဒုတိယအကြိမ် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
ငပုတောမြို့နယ်သည် ရေလမ်းတစ်ခုထဲကိုသာ အားထား၍ သွားလာရသော ဒေသဖြစ်ခြင်း ကြောင့် ဆေးထိုးရန်ကျန်နေသည့် ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေး ဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)