မောက်မယ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းဦးဆောင်သော နမ့်ယွန်း လူငယ်များပရဟိတအသင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို မိုင်းပုတ်ကျေးရွာ အုပ်စု၊ မိုက်ကန်းကျေးရွာရှိ အလျား၁၅ ပေအနံ၁၂ပေအမြင့် ၁၂ ပေ သွပ်မိုး အုတ်ကာ တမံတလင်းခင်း နေအိမ်အား ယနေ့နံနက် ၈ နာရီက စတင်၍ စတုတ္ထမြောက်အိမ် ထပ်မံဆောက်လုပ်ပေးခဲ့သည်။
အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် သက်ကြီးဘိုးဘွားများအတွက် နေအိမ်များဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှ မတည်ငွေကျပ် ၃ သိန်းဖြင့် နမ့်ယွန်း လူငယ်ပရဟိတအသင်းမှ လက်သမားနှင့်ပန်းရံလုပ်အားဒါနဖြင့် ၄င်း ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကိုရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့အထိ စံနမူနာပြ လေပြင်းဘေးဒဏ်ခံ အိမ်(၃)လုံး ဆောက်လုပ်ပြီးစီးခဲ့ကြောင်း ကျန်ရှိနေသေးသည့် နေအိမ်တစ်လုံးအား မိုက်ကန်းကျေးရွာ အိမ်ဆောက်လုပ်ပြီးစီးပါက ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)