ကျိုက်ဒုံ ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့်ရပ်ကွက် စာရေး များ၊ မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ထက်နှင့်မီးသတ်အဖွဲ့များ၊တာဝန်ရှိသူများက အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်များရှိ နေအိမ်များတွင် မီးချိတ်မီးကဒ်၊ရေပုံးသဲပုံး၊မီးသတ်ဆေးဗူးများ၊နေအိမ် မီးဖိုချောင် အထားအသိုများ သတ်မှတ်ထားသည့်စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)(ပြန်/ဆက်)