ဖျာပုံ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာ စေရန် ရည်ရွယ်၍ စာအုပ်စာပေဆွေးနွေးပွဲ (စာဖတ်ဝိုင်း) ကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ် စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က မြေလတ်မောင်မြင့်သူ ရေးသားသော "လူငယ်ရနံ့ အက်ဆေးများ" စာအုပ်မှ "လူငယ်ရသစာပေနှင့် အနီးကွင်း" အက်ဆေး အားဖတ်ကြား ဆွေးနွေးသည်။ ထို့နောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက စာရေးဆရာ မောင်ယဉ်မိုးက မြေလတ်မောင်မြင့်သူ ရေးသားသော "လူငယ်ရနံ့ အက်ဆေးများ" စာအုပ်မှ "လူငယ် ရသစာပေနှင့် အနီးကွင်း" အက်ဆေးဖြင့် ဆွေးနွေးရာတွင် လူငယ်များ စာပေဖတ်ရှုရာတွင် အဓိကကြသော အချက်များဖြစ်သည့် ရသစာပေဖတ်ရှုခြင်း၊ သုတစာပေဖတ်ရှုခြင်းဆိုင်ရာများမှ သုတစာပေဖြစ်ဖြစ်၊ ရသစာပေဖြစ်ဖြစ် ဖတ်ရှုရာတွင် ဘဝအသိမှ ဒဿနအတွေးစိတ်ကိုရှာ၊ ဒဿနထဲက ရသစာပေဖတ်ရှုရှာဖွေခြင်းဆိုင်ရာ များနှင့် စာပေဖတ်ရှုရာတွင် အမှားအမှန်ကို ရွေးချယ်ပြီး ဦးနှောက်ဖြင့် စဉ်စား၊ နှလုံးသားဖြင့် ခံစားဖတ်ရှုတတ်ကြစေရန် စသည်တို့အား ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)