ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောက်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၇၂၃၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးပြီးဖြစ် ကြောင်းသိရှိရသည်။
နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်ရှိ/မရှိ အိမ်တိုင်ရာရောက် စာရင်းများကောက်ယူကာ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နိုင်ငံသားကတ်များ နေ့ချင်းပြီးဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ငှက္ကတောင်၊ သင်ပုတ်၊ ကောင်းတင်၊ သရက်ပင်၊ မိုးကြိုးကုန်း၊ တောင်လွှဲကျေးရွာ၊ ဒါန်တို်င၊ အင်ရောင်း၊ ကလေး၊ ငါးဆူး၊ ကျေးရွာများသို့ကွင်းဆင်းခဲ့၍ အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်းပြည်သူ(၂၆၁၄)ဦးနှင့် အသက် (၁၈)နှစ်အထက် ပြည်သူ (၁၄၆၂၅)ဦး စုစုပေါင်း(၁၇၂၃၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)