ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Feb 22,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ဝါသနာတူကလပ်အသင်းများ စုစည်းပြီး စာရေးသူ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။