ပြင်ဦးလွင်မြို့တွင် ၂၀၂၁ ခုနှစ် နိကာယ် - ပါဠိပထမပြန်စာမေးပွဲ အောင်မြင်သူများအား ပူဇော်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်   ဖေဖော်ဝါရီ      ၂၂ 

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ၂၀၂၁  ခုနှစ် နိကာယ် - ပါဠိပထမပြန်စာမေးပွဲများတွင် ပြင်ဉီးလွင်စာဖြေဌာနမှ ဖြေဆိုအောင်မြင် တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား  အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ပူဇော်ပွဲကို  ဖေဖော်ဝါရီ  ( ၂၁ ) ရက် ၊ နေ့လယ် ( ၁) နာရီက  ရပ်ကွက်ကြီး (၁) ရှိ ဥပတ္ထမ္ဘက အသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တထံမှ ငါးပါးသီခံယူဆောက်တည်ကြပြီး ပြင်ဦးလွင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ ဆရာတော် သံဃာတော်အရှင်မြတ်တို့အား  သင်္ကန်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တထံမှ အနုမောဒနာ ရေစက်ချတရား နာယူကြည်ညိုကြပြီး စာအောင် သံဃာတော်နှင့် သီလရှင် အပါး (၁၃၇) ပါးတို့၏ ကျောင်းတိုက် ကိုယ်စားပြုသံဃာတော်နှင့် သီလရှင်များအား ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီး ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်  ( ပြန်/ဆက် )