ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ စစ်ဆေး

ဘူးသီးတောင် မတ်လ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဉီးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေ့ဉီးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဉီးစီးအရာရှိ ဦးထွန်းဝင်းနိုင်က မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့မရဲစခန်းမှမြို့နယ်ရဲတပ်ဖွဲ့မှူး (ရဲမှူး) အောင်ကျော်ကျော်နှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များအား လက်တွေ့မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု မီးငြိှမ်းသတ်နည်း လေ့ကျင့်ပေးခြင်းများပြုလုပ်ပြီး ဝန်ထမ်းနေအိမ်လိုင်းခန်းများ၊ ရုံးခန်းများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်သွယ်တန်းမှု စနစ်တကျရှိ/မရှိ စစ်ဆေးခြင်းနှင့် ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ်များအား လဲလှယ်တပ်ဆင် အသုံးပြုကြရန် မှာကြားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေး လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 လှကျော်( ပြန်/ဆက်)