သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့်စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

သာယာဝတီ  မတ်  ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ကျိုက်ထိုဇာတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် တော်မူသော သီရိဓမ္မမဟာဆုတောင်းပြည့် စေတီတော်အတွင်း ဌာပနာထည့်သွင်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယထံမှ တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်ပြ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်နှင့် ဆရာတော် ဦးဝိလာသ ဇောတိတို့က ရပ်ဝေးရပ်နီးမှ ပြည်သူများကလှူဒါန်းထားရှိသော ရွှေ၊ငွေ၊ ကျောက်မျက်ရတနာများအား ဌာပနာအတွင်း ထည့်သွင်းပူဇော်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)