ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကျင်းပ

ကျိုင်းတုံ မတ် ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်မှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်း ဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်း သိန်းနှင့် တာဝန်ရှိသူများက သင်တန်းတွင်    သင်တန်းစံပြထူးချွှန်ဆု၊ သက်မွေးထူးချွှန်ဆုနှင့် စည်းကမ်းကောင်းမွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် အထိ သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့် သင့်လျော်သော အသက်မွေးဝမ်ကျောင်းပညာများ သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)