မိုင်းပန် မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့ပေါ်ရှိ အ.မ.က(ညောင်ခမ်း)၊အ.မ.က(ဟိုဖိုင်လုံ)၊မူလွန်(နားစန်း)နှင့် အလက(မွေတော်)ကျောင်းများသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နန်းမိုခံဟိန်းက ကျောင်းသား/ကျောင်းသူများအား အားကစားနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း အားကစားစိတ်ဓာတ်၊ အားကစားဆိုင်ရာ အသိပညာများပြန့်ပွားရေးအတွက် လူထုပညာပေးစည်းရုံးရေး လုပ်ငန်းများစီမံဆောင်ရွက်နိုင်ရန်၊ ပြိုင်ပွဲများစဉ်ဆက်မပျက်ကျင်းပနိုင်ရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များကိုပြောကြားပြီး အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်စ်ဘော ဘောလုံး များကို ပေးအပ်လှူဒါန်းရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)