သတင်းများ

ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၁၁)ဦးဖြေဆို
Apr 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထဝီဝင်ဘာသာရပ်ကို ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၅ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၂၆)ဦး၊ စာရင်းပေးသွင်းထားပြီး (၁၁၁)ဦးဝင်ရောက်ဖြေဆို ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်တွင် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 07,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်(၆)လဘတ်ဂျက်တွင် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာ ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။
ရွှေဘိုမြို့တွင် ခရီးသွားများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်
Apr 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်သွားလာသည့် ပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင် သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီက အမှတ်(၈)စစ်ပညာလေ့ကျင့်ရေးကျောင်းအနီး မြို့ဝင်ဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် နွေရာသီအားကစား သင်တန်းဆင်းပွဲပြုလုပ်
Apr 07,2022
နွေရာသီကျောင်းများပိတ်သည့် ကာလအတွင်း လူငယ်လူရွယ်များမှ အချိန်ကိုအကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် အားကစားကို ချစ်မြတ်နိုးသည့် လူငယ်လူရွယ်များက အားကစားဖြင့် ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရရှိစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၄)နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၅၄၄)ဦး ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက် ဖြေဆိုလျက်ရှိရာ ဇလွန်မြို့နယ်ရှိ စာစစ်ဌာန (၁၁) ခုမှ ကျောင်းသား၊ ကျောင်းသူ (၅၉၂)ဦး စာရင်းပေးသွင်းထားပြီး (၅၄၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။