ဇလွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၅၄၄)ဦး ဖြေဆို

ဇလွန် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက် ဖြေဆိုလျက်ရှိရာ ဇလွန်မြို့နယ်ရှိ စာစစ်ဌာန (၁၁) ခုမှ ကျောင်းသား၊ ကျောင်းသူ (၅၉၂)ဦး စာရင်းပေးသွင်းထားပြီး (၅၄၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို အ.ထ.က(၁) ဇလွန်၊ အ.ထ.က ကော့ကပ်ကြီး၊ အ.ထ.ကကျုံရှစာဖြူစု၊ အ.ထ.ကရေလဲ၊ အ.ထ.ကဂုံညင်းတန်း၊ အ.ထ.ကဒေါင့်ကြီး၊ အ.ထ.ကပျဉ်းမကုန်း၊ အ.ထ.ကရွှေကျောင်း၊ အ.ထ.ကမေရီလန်း၊ အ.ထ.က မြစ်ဝ၊ အ.ထ.ကသပြုကွင်းကျောင်း စာစစ်ဌာန (၁၁)ခု တို့တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိပြီး ယနေ့ ပထဝီဝင် ဘာသာရပ်ကို  ကျား ( ၂၂၅ )ဦး၊  မ ( ၃၁၉ )ဦး စုစုပေါင်း (၅၄၄) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၈၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)