ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာ ဖြေဆို

ကျောင်းကုန်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။

ကျောင်းကုန်းမြို့တွင် အတွဲ(၂)၌ အတွင်း/အပြင် ကျား(၄၀၂)ဦး၊ မ(၅၀၉)ဦး၊ စုစုပေါင်း (၉၁၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က ဂုန်မင်း၊ အ.ထ.က အစုကြီး၊ အ.ထ.က ချောင်ကြီး၊  အ.ထ.က တံခွန်တိုင်၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပေါက်ဆိန်ပဲ့၊ အ.ထ.ကဝက်ခြံဂရက်နှင့် အ.ထ.ကလှည်းဆိပ် စသည့် အခြေခံပညာ အထက်တန်း ကျောင်း(၁၀) ကျောင်း၌ ဖြေဆိုခဲ့ကြပြီး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မသန်စွမ်း ကျောင်းသူတစ်ဦး ဖြေဆိုခဲ့ကြောင်း  သိရသည်။

ဝင်းကြိုင်‌(ပြန်/ဆက်)