သတင်းများ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဆန်နှင့်ဂျုံများကိုပြည်သူများကို ထောက်ပံ့ပေးအပ်
Apr 26,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ စစ်တောင်းလမ်း၊ အမက(ဧရာဇ်၀ဏ်)ကျောင်းတွင် ယမန်နေ့နံနက် ၈:၄၀ က ပြည်သူများကို အိန္ဒိယနိုင်ငံမှလှူဒါန်းသော ဆန်နှင့်ဂျုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါသည်။
သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူများ    Booster ထပ်ဆောင်းထိုးနှံပေး
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများအား Booster  ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှစ၍ သိန္နီမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Apr 26,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေ  ရာနှုန်းပြည့် ထိုးနှံပြီးစီး
Apr 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ်ဆေးထိုးစုရပ်များပြင် Mobile နယ်လှည့်ဆေးထိုးအဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေအားလုံး ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Apr 26,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တနင်္သာရီမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲပြုလုပ်
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/ သားများ အချိန်ကိုအကျိုးရှိစွာနှင့် လူမှုရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း၊ သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre အတွင်း
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူ
Apr 26,2022
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ အမှတ် (၅) အခြေံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
သိန္နီမြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ စျေးနှုန်းမှန်ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်
Apr 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ စျေးနှုန်းမှန်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းတွင်ပါဝင်ရမည့် အလေးချိန် ကီလိုကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍စားသုံးသူရေးရာ ဦးစီးဌာနကဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့မစျေးကြီးအတွင်း၌ သွားရောက် စစ်ဆေးခဲ့သည်။