ဒေးဒရဲမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၄)နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးတို့က သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် အေရိုးဗစ်သင်တန်းသား၊ သင်တန်းသူများမှ သရုပ်ပြ ကစားခဲ့ကြသည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆုရအသင်းသားများနှင့် အတိုးတက်ဆုံး သင်တန်းသားဆုများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘောလုံး၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့် ပြေးခုန်ပစ် စသည့် အခြေခံအားကစားနည်းများကို (၂၅.၃.၂၀၂၂)မှ (၆.၄.၂၀၂၂)ရက်နေ့အထိ အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း