သတင်းများ

တောင်ကြီးမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 07,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက် ၂၀ နှစ်အောက် ညောင်ဦး-ပုဂံဘောလုံးအသင်းနှင့် ချောက်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲယှဉ်ပြိုင်ကစား
Apr 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ရှိ အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီအချိန်က အသက် ၂၀ နှစ်အောက် ညောင်ဦး-ပုဂံဘောလုံးအသင်းနှင့် ချောက် မြို့နယ် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသစ်ဖွင့်ပွဲနှင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသ မှုခံယူနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့
Apr 07,2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ် ရုံးသစ်ဖွင့် ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့ပတ် လမ်းပေါ်ရှိ အဆိုပါ ရုံးသစ်အဆောက်အဦ၌ ကျင်းပသည်။
ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အာဟာရဖြစ်စေရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အားဖြည့်အချိုရည်များ ဝေငှ
Apr 07,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ (၃၁) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ကို ပဲခူးခရိုင်၊ ကဝမြို့နယ်မှ ကျောင်းသား / ကျောင်းသူများသည် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတို့တွင် ဖြေဆိုလျက်ရှိရာ
ဇမ္ဗူသီရိ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်
Apr 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဝန်ထမ်းများစုပေါင်း၍ "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြုလုပ်ခဲ့သည်။
ကာမိုင်းမြို့၌ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းများဆောင်ရွက်
Apr 07,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ကာမိုင်းမြို့တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
သာယာဝတီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့(၁၅)ဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာ(၁၅)ရွာသို့ ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၂၀၆) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ကာကွယ်ဆေး ရာနှုန်းပြည့် ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြည်သူများအား နိုင်ငံသား(မှတ်ပုံတင်)ကတ်ရှိ / မရှိရှောင်တခင် စစ်ဆေး
Apr 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရီးသွားလာကြမည် ပြည်သူများအား နိုင်ငံသား(မှတ်ပုံတင်) ကတ်ရှိ / မရှိရှောင်တခင်စစ် ဆေးခြင်းကို မြို့နယ်တာဝန်ရှိပူးပေါင်းအဖွဲ့များက ရန်ကုန်ဘူတာကြီးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။