ရွှေဘိုမြို့တွင် ခရီးသွားများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်

ရွှေဘို ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်သွားလာသည့် ပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင် သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီက အမှတ်(၈)စစ်ပညာလေ့ကျင့်ရေးကျောင်းအနီး မြို့ဝင်ဂိတ်တွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိမ်းယု​မော်ဦးစီးသော ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ များက ခရီးသွား ပြည်သူများအနေဖြင့် ခရီသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာမှုရှိစေရန် စစ်ဆေးခြင်း၊ မှတ်ပုံတင် မရှိသေးပါက သက်ဆိုင်ရာမြို့နယ် များတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယာဉ်မောင်းများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပါရှိမှသာ ခရီသည်များအား တင်ဆောင်ခြင်းပြုကြရန် ဧပြီလ ၁ ရက်နေ့က စတင်ပြီး အသိပညာပေးဆွေးနွေးလျက် ရှိကြောင်းသိရသည်။ နောင်တွင်ခရီးသွားလာပါက နိုင်ငံသား စီစစ်ရေးကတ်ပြားကို ကိုယ်နှင့်တပါးတည်း ယူဆောင်ရေးကို အသိပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)