သတင်းများ

သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို ဖြေဆို ပြီးစီး
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဖြေဆိုရာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ် အားလုံးကို အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ၊ ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများသည်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ဇိဝဗေဒဘာသာရပ်တွင် ကျောင်းသား (၁၇၅)ဦး၊ ကျောင်းသူ(၂၁၁)ဦး စုစုပေါင်း(၃၈၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
သဲကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမ မြောက်နေ့ဖြေဆိုပြီးစီးသော ကျောင်းသား/သူများအား အချိုရည်နှင့်မုန့်များဝေငှ
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမ​မြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ဧပြီ ၆ ရက်နေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုပြီးစီး၍ ပျော်ရွှင်လျက်ရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့က အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားကျင်းပ
Apr 06,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအုပ်စု (ရွာဟောင်းပိုင်း) ကွင်းအမှတ်၊ ၈၃၁ တောင်သူ ဒေါ်လှရီ၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၁၀ နာရီက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးအောင်၊ ​မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီး မှူးနှင့်ဝန်ထမ်းများ၊ တောင်သူများတက်ရောက်သည်။
ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်‌ ဘောဂဗေဒဘာသာရပ်အား ဖြေဆိုပြီးစီး
Apr 06,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၁)ဘောဂဗေဒ ဘာသာရပ်နှင့် အတွဲ(၇)ဇီဝဗေဒဘာသာရပ်ကို ပေါက်ခေါင်းမြို့ စာစစ်ဌာန(၂)ခုတွင် ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိရာ မွန်းတည့်(၁၂)နာရီတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ်‌ကြောင်း သိရသည်။
တောင်ငူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အာဟာရ အားဖြည့်အချိုရည်များ တိုက်ကျွေး
Apr 06,2022
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ အတွဲ (၁) မှ ဘောဂဗေဒဘာသာရပ် နှင့် အတွဲ(၇) မှ ဇီဝဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုမည့် အ.ထ.က (၄) စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူများထံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ပြီး အားဖြည့်အချိုရည်များ တိုက်ကျွေးကာ အားပေးစကားများ ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ရပ်အား ဆက်လက်ဖြေဆို
Apr 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ အဖြစ် ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။