သတင်းများ

ရွှေတောင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်လှစ်
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရတနာ)ခန်းမ၌ ပြုလုပ်သည်။
ကျောက်မဲမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီးငါးကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကျောက်မဲမြို့ အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်ကျောင်းတိုက်တွင် ယမန်နေ့မွန်းလွှဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က တာဝန်ရှိသူများအတူ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက် (၈)နာရီအချိန်က ထိန်ငူကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဟိုပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်
Nov 03,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျောင်းသား/သူများ အခြေခံရှေးဦးပြုစုခြင်း ပညာတက်​မြောက်လာကြစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဟိုပန်) ကျောင်းရှိ စောမဟာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို စတင်ဖွင့်လှစ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထိုးနှံပေး
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်း စစ်ဆေး
Nov 03,2022
ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ ရောင်းဝယ်မှုအခြေအနေများ၊ သန့်ရှင်းသပ်ရပ်စွာ ထုတ်ကုန်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခြင်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ အခြေခံပညာထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ ထက်မြက်သော ကျောင်းအုပ်ကြီးများ ပေါ်ထွက်လာစေရေးနှင့် စနစ်ကျသော ကျောင်းများဖြစ်ပေါ်စေရေးအတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။