သတင်းများ

တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲ (၂၀)အား လုယက်မှုဖြစ်ပွား
Apr 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သံသုမာလမ်းနှင့် မင်းရဲကျော်စွာ (၉)လမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(၂၀)တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၂၀ ခန့်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် လမ်းမြေသား ပြိုကျမှုများဖြစ်ပေါ်
Apr 06,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၂-ခုနှစ် မတ်လလကုန်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့တွင် ခေါင်လန်ဖူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ယခုနှစ်လမ်းအသစ် ဖောက်လုပ်ထားသည့် ခြေရာကုန်း ပတ်လမ်းမြေသား ပြိုကျမှုများဖြစ် ပေါ်ခဲ့သည်။
မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဆဌမနေ့ ဇီဝဗေဒနှင့် ဘောဂကို အေးချမ်းစွာ​ဖြေဆို​ပြီးစီး
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်(၉း၀၀)နာရီက အ.ထ.က (မိုင်းတုံ)စာစစ်ဌာနတွင် ဇီဝဗေဒနှင့်ဘောဂဖြေဆိုမှု အေးချမ်းစွာပြီးစီးကြောင်း သိရသည်။
ကလောမြို့နယ်၌ ဝန်ထမ်းများလုပ်ငန်း ဆောင်ရွက်ရာတွင် လျင်မြန်စွာဆောင်ရွက်နိုင် ရန်အတွက် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခွန်အားဖြည့် အချိုရည်များ ဝေငှပေး
Apr 06,2022
အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ခွန်အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၏ နိုင်(၄)မှတ်တမ်းများအား Soft Ware အသုံးပြု၍ စိစစ်ရေးသွင်း
Apr 06,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား Computer Soft Ware အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဧပြီလ ၄ ရက်နေ့မှစ၍ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၃၃၁)ဦး ဖြေဆို
Apr 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၄၈)ဦး စာရင်းပေးသွင်းထားပြီး (၁၃၃၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာတွဲ(၁)နှင့် (၇)တို့၏ နောက်ဆုံးဖြေဆိုရမည့် ဘာသာရပ်များဖြေဆို
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာတွဲ (၁)နှင့်(၇)တို့၏ နောက်ဆုံးဖြေဆိုရမည့် ဘာသာရပ်များဖြစ်သော ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ယနေ့တွင် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။