ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၁၁)ဦးဖြေဆို

ကလော ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထဝီဝင်ဘာသာရပ်ကို ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၅ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၂၆)ဦး၊ စာရင်းပေးသွင်းထားပြီး (၁၁၁)ဦးဝင်ရောက်ဖြေဆို ကြောင်းသိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  ဖြေဆိုသူ ၉ ဦး၊ အထက(၂) ကလောတွင်ဖြေဆိုသူ ၉ ဦး၊ အထက(၃)အောင်ပန်းတွင်ဖြေဆိုသူ ၁၇ ဦး၊ အထက(၅) အောင်ပန်းတွင်ဖြေဆိုသူ ၂၉ ဦး၊ အထက(၄)ဟဲဟိုးတွင် ဖြေဆိုသူ ၂၄ ဦး၊ စုစုပေါင်းအတွင်း/အပြင်ဖြေဆိုသူ ၁၁၁ ဦး၊ ဝင်ရောက်ဖြေဆိုကြောင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၈၈ ဒသမ ၁၀) ရာခိုင်နှုန်းနှင့် ပျက်ကွက်မှု ရာခိုင်နှုန်း (၁၆ ဒသမ ၃၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)