သတင်းများ

နောင်တရားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Apr 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်း ပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင်ကျင်းပသည်။
သာစည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့
Apr 26,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခဲ့သော လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသောငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို  ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ဧည့်ခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်မှုဖြစ်ပွား
Apr 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် ယနေ့နေ့လည် ၂ နာရီ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ် လုံးအမိုးလန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်
Apr 26,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၌ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
တနိုင်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် နွေရာသီအခြေခံ အင်္ဂလိပ်သင်တန်း (အခမဲ့)ဖွင့်လှစ်
Apr 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် အင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာအခြေခံ သင်တန်း (အခမဲ့) ဖွင့်လှစ်
Apr 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ် သည့် အင်္ဂလိပ်စာ အခြေခံသင်တန်း (အခမဲ့) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Apr 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင်
သင်္ဃန်းကျွန်းမြို့နယ်၊ ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပ
Apr 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်း သား၊