သတင်းများ

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 03,2022
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က ပန်းတောင်းအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နိုင်ရန်အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဟုမ်းလမ်းဘူတာရပ်ကွက်၊  လူစည်ကားနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင် ပြပွဲကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ် ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အကြိမ်(၅၀)မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အကြိမ် (၅၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
မရမ်းကုန်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၂)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)ဆက်လက်ထိုးနှံ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ(၆၂)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်တွင် နေကြာ သီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းများဆောင်ရွက်
Nov 03,2022
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာသီးနှံများကို စိုက်ပျိုး လျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ်၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့ နံနက်က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။