တောင်သာ ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်(၂၃)ဦးထိုးနှံပေးခဲ့သဖြင့် စုစုပေါင်း လူဦးရေ(၄၈၂၁)ဦး ထိုးနှံပြီးဖြစ်သည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်မျိုးနိုင်(တောင်သာ)