သတင်းများ

၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ( ၇၂၃)ဦး ဝင်ရောက်ဖြေဆို
Apr 06,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ငရုတ်ကောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငရုတ်ကောင်း/ဂျော်ရန်ဂျီဆက်သွယ်သော ချောင်းဝတံတား စီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Apr 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ ရေပေးဝေရေးလုပ်ငန်းသစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၅)ရက်နေ့နံနက်ပိုင်းတွင် အဆိုပါရေပေးဝေရေး ရေစုကန်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ထားဝယ်မြို့ အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမ များအား တွေ့ဆုံ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး ဆွေးနွေးမှာကြား
Apr 06,2022
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့သို့ရောက်ရှိပြီး ပညာရေး ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အသီးသီးမှ ဆရာ/မများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ အေးချမ်းစွာဖြေဆိုကြသည်။
မအူပင်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး
Apr 06,2022
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဧပြီ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။
မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ထောက်ပံ့
Apr 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို  အ.ထ.က (မိုင်းကိုင်)စာစစ်ဌာန၌  ယနေ့တွင်လည်း  အေးချမ်းတည်ငြိမ်စွာဖြင့် ဖြေဆိုပြီးစီးခဲ့သည်။