သတင်းများ

ကျုံပျော်မြို့ Community Centre ခန်းမတွင်  စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲကျင်းပပြုလုပ်
Apr 08,2022
လူငယ်များ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ကနီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေး
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်၊အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား မြို့နယ်လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (သမိုင်း)ဘာသာရပ်အား စာစစ်ဌာန(၂)ခုဖြင့် ဆက်လက်ဖြေဆို
Apr 08,2022
၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စာစစ်ဌာ(၂)ခုဖြင့် (သမိုင်း)သာရပ်အား ယနေ့နံနက်(၉)နာရီက ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စမ်းချောင်း မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ
Apr 08,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက (၁) ကျောင်းဝင်း အတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က covishiel phase 7 (ဒုတိယ)အကြိမ် ထိုးနံသူ (၁၂၁) ဦး၊ covishield phase 8 ( ပထမ) အကြိမ်ထိုးနှံသူ (၁၁) ဦးနှင့် Boosterဆေးထိုးနှံသူ (၁၅၄) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ (၂၈၆) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဖားကန့်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၇၉ရာခိုင်နှုန်းကျော် ဖြေဆို
Apr 08,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင်  ယနေ့နံနက် ၉ နာရီက သမိုင်းဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၇၉.၆၃ ရာခိုင်နှုန်း‌ရှိပြီး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း စိုက်ပျိုးသည့် ရာသီပေါ်နာနတ်သီးများ ဈေးကွက်သို့ စတင်ခူးဆွတ် ရောင်းချ
Apr 08,2022
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ကျေးရွာများ၌ စိုက်ပျိုးသည့် ရာသီပေါ် နာနတ်သီးများမှာ ယခုလဆန်းပိုင်းအချိန်မှ စတင်၍ ရန်ကုန်ဈေးကွတ်သို့ ခူးဆွတ် တင်ပို့ရောင်းချနေရပြီ ဖြစ်သောကြောင့် နာနတ်စိုက်ပျိုးသူများ ဝင်ငွေရရှိပြီး အဆင်ပြေကြကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
မိုးနဲမြို့၌ နွေရာသီကျောင်းပိတ်ရက် ဓမ္မစကူးလ်နှင့်ရှမ်းစာပေသင်ကြား
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့နယ် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း စာသင်တိုက် ဆရာတော်ဦးစီး၍ နာဟောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းစာသင်တိုက်၌ နွေရာသီကျောင်းပိတ်ရက် ဓမ္မစကူးလ်နှင့် ရှမ်းတိုင်းရင်းသားစာပေ ကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။