သတင်းများ

ရမည်သင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲ အထိမ်းအမှတ် မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက  ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂွမြို့ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယာဉ်များ ပိတ်ဆို့မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Nov 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဂွ-ငါသိုင်းချောင်း လမ်းပေါ်ရှိ ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ပူးပေါင်းရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်
Nov 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သည့်  ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်ခံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။
ညောင်ရွှေမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Nov 04,2022
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ စီမံခန့်ခွဲရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပညာရေးကဏ္ဍ၊ စစ်ဆေးရေးကဏ္ဍနှင့် စာရင်းအင်းကဏ္ဍတို့တွင် စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်၌ ဒေသဖွံဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျောက်နဂါး ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့နံနက်( ၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော် ဦးဆောင်၍ ဋ္ဌာနဆိုင်ရာ (၃၅)ဦး ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ပူးပေါင်းအဖွဲ့သည် မိုးကုတ်ဒေသပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန်အတွက် သဒွတ်သျှိုကျေးရွာအုပ်စု၊ ကျောက်နဂါးကျေးရွာသို့ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။