ချမ်းမြသာစည် နို၀င်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် လမ်းညွှန်၊ လမ်းအမှတ် လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်း အများပြည်သူများသွားလာမှု လွယ်ကူချောမွေ့စေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ မှန်ကန်တိကျမှုရှိစေရေးတို့အတွက် မြို့နယ်အတွင်းရှိ မြို့သစ်အမှတ် (၁) ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်တို့တွင် မှုတ်ဆေးဘူးဖြင့် အမှုတ်ခံထားရသော လမ်းညွှန်ဆိုင်းဘုတ်များ၊ သစ်ကိုင်းများဖြင့်ဖုံးအုပ်နေသော လမ်းညွှန်ဆိုင်းဘုတ်များနှင့် တိမ်းစောင်းနေသော လမ်းညွှန်ဆိုင်းဘုတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင် ဦးဆောင်သော ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးကာ ပြုပြင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)