သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးအခြမ်းခွဲများ စျေးနှုန်းကျဆင်း
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များအဓိကစိုက်ပျိုးလျက်ရှိရာ အောက်တိုဘာလအစောပိုင်း ကွမ်းသီးပေါ်ဦးကာလက စျေးကောင်းရရှိသော်လည်း ယခုအချိန် ကွမ်းသီးပေါများအချိန်တွင် ကွမ်းသီးအခြမ်းစျေးနှုန်းကျဆင်း၍ ကွမ်းသီးလုပ်ကိုင်ရာတွင် အခက်အခဲတွေ့ရကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူတစ်ဦးကပြောသည်။