သတင်းများ

ကျုံပျော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆို
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ သမိုင်းဘာသာရပ်‌ ဖြေဆိုနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၅.၄၈%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်း‌ကျော်ထံမှ သိရသည်။
သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုပြီးစီး
Apr 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်တွင်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်၌ နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောတောင်မြို့ ဆလုံသာသနာပြု-ဂျလန်းကျွန်းကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာသင်တန်း အောင်လက်မှတ်ချီးမြှင့်ပွဲကျင်းပ
Apr 08,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့ ဆလုံသာသနာပြု-ဂျလန်း ကျွန်းကျောင်းတိုက်အတွင်း ဧပြီလ ၈ရက်နေ့ နံနက် ၉နာရီအချိန်မှစ၍ ယဉ်ကျေးလိမ္မာသင်တန်း အောင်လက်မှတ်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဒကာ/ဒကာမများ၊ စေတနာရှင်အလှူရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Apr 08,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုအထောက် အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘားအံ မြို့နယ်၌  စာစစ်ဌာန  (၇) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်း ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ  ၁၉၇  ဦး ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၉၇) ဦး မှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက်
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အညာတန်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံ တောင်သူများထံ အရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးများ ဆက်လက် ထိုးနှံပေး
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်း ထိပ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌‌ရေးမှူးရုံးဟောင်း ရှေ့ဆေးထိုးစုရပ်တွင်