သတင်းများ

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ ဝန်ထမ်းများအား လုပ်ငန်းခွင်လေ့ကျင့်ရေး ပညာပေးသင်တန်းဖွင့်
Nov 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာစေရေးနှင့် Online နည်းပညာများ ကောင်းမွန်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများအား လုပ်ငန်းခွင်လေ့ကျင့်ရေးပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ ကျင်းပသည်။
ညောင်တုန်းမြို့၌ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်၁၀နာရီအချိန်ခန့်က အမှတ်  (၂)ရပ်ကွက်ရှိ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အစိုးရဝန်ထမ်းများ၏ သားသမီးများ၊ ဒေသခံပြည်သူ များ၏သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy(NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Nov 04,2022
အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy (NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Nov 04,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
Nov 04,2022
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ) သို့ ယမန်နေ့တွင် သွားရောက်
တပ်ကုန်းမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်း အရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအား မြို့အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက အရည်အသွေး စစ်ဆေးခြင်းဆောင်ရွက်
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း (ပထမပိုင်း)ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့စည်ပင်သာယာရေးအဖွဲ့  ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၂၀.၁၉၅)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ကျင်းပ
Nov 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်